channelmyanmar သည် 4K၊ 1080P၊ 720P ကဲ့သို့သော လူကြိုက်များသည့် အရည်အသွေးများနှင့်အတူ မြန်မာစာတန်းထိုးဖြင့် ရုပ်ရှင်များကို အခမဲ့ ကြည့်ရှုရန်နှင့် ဒေါင်းလုဒ်လုပ်ရန်အတွက် ဝဘ်ဆိုဒ်တစ်ခုဖြစ်ပြီး နေ့စဉ်အမြန်ဆုံးအပ်ဒိတ်လုပ်ပေးနေပါသည်။

A Star Is Born (2018)

A Star Is Born (2018)
  • other name

    updating

  • author

    updating

  • status

    ongoing

  • genres

    updating

  • views

    0

rating: 5/5 - 1 votes.

description

❝ ငါဘယ်တော့မှ ထပ်မချစ်တော့ဘူး ❞
(𝐀𝐮𝐝𝐢𝐞𝐧𝐜𝐞 𝐈𝐧𝐬𝐢𝐠𝐡𝐭𝐬 | 𝐀 𝐒𝐭𝐚𝐫 𝐈𝐬 𝐁𝐨𝐫𝐧)
▬▬▬▬
( အောက်ပါရုပ်ရှင်ဆောင်းပါးဟာဆိုရင် Dionola ရဲ့စာဖတ်သူတစ်ယောက်ဖြစ်တဲ့ Moe Kaung ကနေကိုယ်တိုင်ခံစားရေးဖွဲ့ပြီး ပေးပို့လာတဲ့စာမူဖြစ်ပါတယ် ။ Dionola က စာလုံးပေါင်းသတ်ပုံမှလွဲ မည်သည့်အရာကိုမှ ပြင်ဆင်ဖြတ်တောက်ထားခြင်းမရှိပါ ။ )
▬▬▬▬
အနုပညာသမားတစ်ယောက်သည်..
နေရာ ဒေသ ရယ် ..
လူပုဂ္ဂိုလ်ရယ် မရွေးဘူး .. သူ့အနုပညာ ကို
သူဖန်တီးချင်တဲ့ အချိန်မှာ ဖန်တီးမယ် ..
လမ်းဘေး ဖြစ်နေပါစေ .. သူစီးမျောချင်တဲ့ နေရာ မှာ စီးမျောမယ် ..

အနုပညာသမား တကယ်စစ်လာရင် သူတို့
ရဲ့ စိတ်ခံစားချက် က တမျိုး .. သာမန် လူတွေ အတွက် ထူးဆန်းရင် ထူးဆန်းနေလိမ့်မယ် ..

အဓိက ပြောချင်တာက အနုပညာသမားစစ်
စစ်တွေ ရဲ့ ထူးခြားတဲ့ စိတ်နေစိတ်ထားကို
ပြောပြချင်တာ ..

” A star is born “ ဇာတ်လမ်းလေး စ လိုက်ရအောင် ..

” ဂျက်ဆင်မိန်း ” က လျှမ်းလျှမ်းတောက် အောင်မြင်နေတဲ့ အဆိုတော် ဂစ်တာသမား .. Live show မှာ သီချင်းဆိုတာ ..
ဂစ်တာ တီးပြတာ အရမ်းမိုက်တယ် ..
ခက်တာက သူက ဆေးပြားလည်းချတယ် ..
အရက်လည်းသောက်တယ် ..

တစ်ည သူ့ရဲ့ Show ပွဲကနေ
ဒရိုင်ဘာ နဲ့ အပြန် ကားထဲမှာ အရက်သောက်ရင်း နဲ့ ကုန်သွားတယ် ..
အရက်ဆိုင် လိုက်ရှာရင်း လမ်းကြို လမ်းကြားတစ်ခုမှာ ဖွင့်ထားတဲ့ မထင်မရှား
ဘားတစ်ခုကို တွေ့တယ် ..

” ဂျက်ဆင်မိန်း ” က ကျန်တာတွေ မစဉ်းစားဘူး .. ” ဘားရှိရင် အရက် ရှိမယ် .. ” ဒါပဲတွေးနေတာ ..
ဖြစ်ချင်တော့ ဒီဘားက ” မိန်းမလျာ”တွေရဲ့
ဘား .. ဘားထဲ ကို ဝင်မယ်လို့ လုပ်တော့
ဝန်ထမ်းက သူ့ကို တွေ့သွားပြီး ပြောတယ် ..
” ဟာ !! ခင်ဗျား နာမည်ကြီး အဆိုတော်
ဂျက်ဆင်မိန်း မဟုတ်လား ..
ဒီနေရာ ခင်ဗျားနေရာ မဟုတ်ဘူး .. ဘဒို ..”
ဂျက်ဆင်မိန်းက ” အရက်ရှိတယ် မဟုတ်လား .. ဒါဆို ငါ့နေရာပဲ ..”
ဒီဘဲကလည်း အဲဒီလိုလူ ..

ဘားထဲက စင်ပေါ်မှာ သီချင်းသီဆို ဖျော်ဖြေနေတဲ့ သူတွေ ရှိတယ် ..
ဝါသနာရှင် အညတရတွေပေါ့ ..
” ဂျက်ဆင်မိန်း ” တစ်ယောက် အရက် သောက်ရင်း သီချင်းတွေ မှာ မိန်းမော စီးမျောရင်း ကျောက်ရိုင်းတုံးလေး တစ်ပွင့် ကိုသွားတွေ့တယ် ..

ဒီကျောက်ရိုင်းပွင့်လေးရဲ့ နာမည်က
” အယ်လီ ” မထင်မရှား အရက်ဘားလေး
တစ်ခု မှာ သီဆို ဖျော်ဖြေပေးနေတဲ့
အညတရအနုပညာသည် ..

အညတရ ဆိုပေမယ့် .. သီချင်းကို mood အပြည့်နဲ့ ဖျော်ဖြေနေတာများ .. ဘား တစ်ခု
လုံး သူ့ အနုပညာ မှော်တွေ အောက်မှာ ပျော်
ဝင်နေလေရဲ့ .. အဲဒီ အထဲမှာ
” ဂျက်ဆင်မိန်း ” တစ်ယောက်လည်း အပါအဝင်ပေါ့ ..
သီချင်းဆုံးသွားတဲ့ အချိန်မှာ .. အရက်ဘား
တစ်ခုလုံးရဲ့ လက်ခုပ် ဩဘာသံတွေ နဲ့ အတူ .. ” ဂျက်ဆင်မိန်း ” ရဲ့ မျက်ဝန်းအိမ်မှာ မျက်ရည်တွေနဲ့..
ပြီးတော့ ” အယ်လီ ” ကို မိတ်ဆက်ပြီး ..
သူ့ဘဝ ကိုယ့်ဘဝ ဇာတ်ကြောင်းတွေပြောပြီး .. စကားလက်ဆုံကျကြတယ် ..

တကယ်တော့ အယ်လီက နေ့ဘက်ဆိုရင်
စားသောက်ဆိုင်တစ်ခုမှာ ဝန်ထမ်း ..
ညဘက် ဆိုရင် မိန်းမလျာဘားမှာ ဖျော်ဖြေပေးရတဲ့ အဆိုတော် .. ဒီလိုပုံစံ နဲ့ အသက်မွေးဝမ်းကျောင်းနေရတဲ့ မိန်းကလေး ..
ဒါပေမယ့် ” အယ်လီ ” ရဲ့ အဆိုပညာ အရည်အချင်းကို .. အဆိုတော်ရင့်မာကြီး ဖြစ်တဲ့ ” ဂျက်ဆင်မိန်း ” ကသိတယ် ..
ဂီတ လောက ထဲ ဝင်ဖို့ .. သူလက်တွဲ ခေါ်မယ်လို့ တိုက်တွန်းတယ် ..
အယ်လီက ငြင်းတယ် .. သူဟာ ရုပ်ဆိုးပါတယ်တဲ့ ..

ဒီလိုနဲ့ ခင်သွားကြတော့ ” ဂျက်ဆင်မိန်း ” က သူ့သီချင်းဖျော်ဖြေပွဲ တွေ ကို ဖိတ်တယ် ..
” အယ်လီ ” ကတော့ သူ့အားနည်းချက်တွေ
ကြောင့် ငြင်းမြဲ ငြင်းလျက်ဘဲ ..
တစ်နေ့ကျတော့ ” ဂျက်ဆင်မိန်း ” ရဲ့ ဖိတ်ခေါ်ချက်ကို လက်ခံပြီး Live show ပွဲ
တစ်ခုကို အယ်လီ လိုက်ကြည့်တယ် ..

အဲဒီမှာ ဇာတ်လမ်းစတော့တာပါပဲ ..
” ဂျက်ဆင်မိန်း ” တစ်ယောက် ” အယ်လီ ”
လာကြည့်လို့ ပျော်ရွှင်မြူးတူးနေလေရဲ့ ..

ဒါ့အပြင် ” အယ်လီ ” ရေးထားတဲ့ သီချင်းကိုစင်ပေါ်အတင်းဆွဲတင်ပြီး နှစ်ယောက်အတူဆိုတယ် .. ပရိသတ်ရဲ့ အားပေးမှုက
ကြောက်ခမန်းလိလိ ..

” ဂျက်ဆင်မိန်း ” ရဲ့ ရင်ထဲမှာ အချစ် ဆိုတာမွေးဖွားလာခဲ့ပြီ ..
ဒီကောင်မလေးနဲ့ သီချင်းအတူတူ
ဆိုနေရရင် သူ အရမ်းပျော်တယ် ..

သိပ်ချစ်မိသွားတဲ့ .. သူတို့နှစ်ယောက် ဘဝ တစ်ခု တည်ဆောက် လိုက်ကြပါတော့တယ်..

သူနဲ့ အတူတူ သီချင်းတွေ ဆိုရင်း ” အယ်လီ “က တဖြည်းဖြည်း နာမည်ကြီးသထက် ကြီးလာပြီ ..

” ဂျက်ဆင်မိန်း ” တစ်ယောက်ကတော့
မကောင်းမှန်းသိပေမယ့် သူစွဲလန်းမိတဲ့
အရက် နဲ့ မူးယစ် ဆေးဝါးကြောင့် နာမည်
ဇောက်ထိုး ဆင်းနေပြီ ..

အချိန်တော်တော်များများမှာ ဒီ မူးယစ်ဆေးဝါး ကြောင့် လူက ” လစ် ” နေတာများတယ်..
ဘယ်လောက်အထိ ” လစ် ” သလဲ ဆိုရင် .. သူ့ဇနီးရဲ့ အအောင်မြင်ဆုံး ဆု ရ တဲ့
” ဂရမ်မီ ” ဆုပေးပွဲ စင်မြင့်ပေါ်မှာ ..
သေးတွေ ပေါက်ချ မိတဲ့ အထိ ” လစ် ” တော့တာ ..
ဆိုရရင် သူ့ကို အနုပညာ အသိုင်းအဝိုင်းက
ဖယ်ကြဉ်လာသလို .. ပရိသတ် အားပေးမှုက
လည်း တဖြည်းဖြည်းလျော့ကျလာပြီ ..

သူ့ဇနီး ” အယ်လီ” က နာမည် အကြီးဆုံးဖြစ်ပြီး သူက အောက်ဆုံးမှာ ..
တနေ့ကျတော့ ” အယ်လီ” က သူ့ရဲ့ Show
ပွဲ တစ်ခုမှာ ” ဂျက်ဆင်မိန်း ” ကို ပြန်တွဲ ခေါ်ဖို့ ကြိုးစားတယ် ..
သူတို့နှစ်ယောက်စလုံး ဒီပွဲကို အရမ်းမျှော်လင့်အားခဲထားတယ် ..

တစ်နေ့ ” အယ်လီ ” အိမ်မှာ မရှိခိုက် ” အယ်လီ ” ရဲ့ ပရိုဂျူဆာ ရောက်လာပြီး
” ဂျက်ဆင်မိန်း ” ကိုပြောတယ် ..
မင်းမိန်းမရဲ့ အောင်မြင်မှု အတွက် ဒီပွဲ ကို
မင်းရှောင်ပေးပါ .. ပရိသတ်တွေကရော ..
ငါတို့ ပရိုဂျူဆာ တွေ ကပါ မင်းကို မလိုအပ်
တော့ဘူး .. မလိုချင်တော့ဘူး .. တဲ့ ..

ဒီစကားဟာ အနုပညာရှင် .. သီချင်းတွေ ဆိုရမှ နေပျော်နေသူ တစ်ယောက် ရဲ့ စိတ်ဓာတ်ကို ဟိုးအောက်ဆုံးအထိ ဆွဲချ လိုက်သလိုဘဲ ..

” ဂျက်ဆင်မိန်း ” အိမ်လေးထဲမှာ သူတစ်ယောက်တည်း .. အဖော်ဆိုလို့ ခွေးလေး တစ်ကောင်ဘဲ သူ့အနားမှာ ရှိတော့တယ် .. သူ့စိတ်ထဲမှာ သူ့ဇနီး ကိုယ်တိုင်က
ရော .. ဒီလိုစိတ်မျိုး .. ဒီလို အမြင်မျိုး ရှိနေပြီလား ဆိုတဲ့ အတွေးပေါင်း များစွာ ရင်ဝယ်
ပိုက်လို့ ..စိတ်ဓာတ်က အောက်ဆုံးအထိ ကျနေပြီ .. သူ ဘာ ဆက်လုပ်ရတော့မလဲ ..??
ဒီနေရာမှာ ဒီဇာတ်ကားမှာ သမားရိုးကျ ဇာတ်ကားတွေ လို မပြဘူး ..
အရိပ်အယောင်လေးပဲပြသွားတယ် ..

ဒီဇာတ်ကားရဲ့ နောက်ဆုံးခန်းမှာ ” အယ်လီ ”
ကိုယ်တိုင် Mood အပြည့်နဲ့ စန္ဒယားတီးပြီး
ဆိုသွားတဲ့ .. ” I’ll never love again “ ဆိုတဲ့
သီချင်းကတော့ ဒီ ဇာတ်ကားတစ်ခုလုံးရဲ့
အသက်ပါ ..

ဒီဇာတ်ကားမှာ .. ” ဂျက်ဆင်မိန်း ” အဖြစ်
“ဘရက်ဒလီကူးပါး”က သရုပ်ဆောင် ဒါရိုက်တာ အပြင် သီချင်းတွေပါ ကိုယ်တိုင်ဆိုထားပါတယ် ..

” အယ်လီ ” နေရာ မှာ သရုပ်ဆောင် ထား
တာက “လေဒီဂါးဂါး “ပါ ..

” လေဒီဂါးဂါး ” ကို အရင်က ကျနော် လုံးဝ
အထင်မကြီးခဲ့ပါဘူး .. သူ့ကိုတွေ့ရရင်
မိတ်ကပ်ထူထူကြီးလိမ်းထားတယ် ..
မျက်မှန်ပုံစံ အမျိုးမျိုး .. ဆံပင်ပုံစံ နဲ့ အရောင်
အမျိုးမျိုးဆိုးမယ် .. ဝတ်စုံ ကလည်း သူများထက် မထူးထူးအောင် ဝတ်ပြတဲ့ ဖက်ရှင်မော်ဒယ် တစ်ယောက်လောက်ပဲလို့
ထင်ထားတာ..

ဒီဇာတ်ကားမှာတော့ ..
မိတ်ကပ်မလိမ်းတဲ့ ပကတိ မျက်နှာ နဲ့
သရုပ်ဆောင်ပညာ .. အဆိုပညာ Skill တွေ မြင်ရတော့ အရမ်းကို ကြိုက်မိသလို လေးစားမိသွားပါတယ် ..
၂၀၁၈ ခုနှစ်တုန်းက ထွက်ခဲ့ပြီး ဆုတွေ အများကြီး ရထားတဲ့ ဇာတ်ကား ..

Live show တွေ နဲ့ သီချင်းတွေ နားထောင်
ရတာနဲ့တင် အရသာ ရှိလွန်းလှတဲ့ ဇာတ်ကားလို့ ညွှန်းလိုက်ပါရစေဗျာ။

(ရုပ်ရှင်အညွှန်းကို Dionola Fb Page မှ ကူးယူဖော်ပြပါသည်။)

File size…(8.8 GB) / (2.5 GB )/ (1.4 GB)
Quality…BluRay 4K HEVC/ 1080p HEVC / 720p
Format…mkv/mp4
Duration….02:16:00
Subtitle….Myanmar Subtitle (Hardsub)
Encoder….Ka Naung
Translated by Nway Oo K Zaw

  • Download Links Server Size Quality

Related Keywords

A Star Is Born (2018) mmsub, A Star Is Born (2018) myanmar sub, A Star Is Born (2018) burmese sub, A Star Is Born (2018) မြန်မာစာတန်းထိုး