description
ဒီတစ်ခါမှာတော့ နယူးဇီလန် ဆရာဝန်ကားကောင်း တစ်ကားနဲ့ မိတ်ဆက်ပေးလိုက်ပါတယ် ။
အဲလိဇဘက်ဟာ ဆေးရုံရဲ့ အတော်ဆုံး ခွဲစိတ်ဆရာဝန်တစ်ယောက်ဖြစ်သလို တစ်ဦးတည်းသော အမျိုးသမီး ခွဲစိတ်ဆရာဝန်တစ်ယောက်လည်း ဖြစ်ပါတယ် ။
သွေးဆိပ်သင့်လူနာတစ်ယောက်ကို ခွဲစိတ်ရင်းနဲ့ ဘွဲလွန်ဆရာဝန်ကို trocar ဖောက်ခိုင်းလိုက်ရာကနေ လက်လွန်ပြီး သွေးလွှတ်ကြောအထိပါ ပေါက်သွားခဲ့ပေမဲ့ အဲလိဇဘက်တိုက အချိန်မီ ပြင်ဆင်နိုင်ခဲ့ပါတယ် ။
ဒါပေမဲ့ ICU ထဲမှာ တစ်ရက်နီးပါး နေပြီးတဲ့နောက်မှာတော့ အဲဒီလူနာက ဆုံးပါးသွားခဲ့ပါတယ် ။
တစ်ချိန်တည်းမှာပဲ ခွဲစိတ်ဆရာဝန်တွေရဲ့ ခွဲစိတ်လူနာရလဒ်တွေကို ဒေတာတွေအနေနဲ့ လူသိရှင်ကြားထုတ်ပြန်မယ်ဆိုတဲ့ စနစ်အသစ်တစ်ခု ထွက်လာတဲ့အခါ လောလောလတ်လတ်ကမှ လူနာ ဆုံးထားပြီး
လူနာရှင်က ကွန်ပလိန်းတက်ခံနေရတဲ့ အဲလိဇဘက်အတွက် စိုးရိမ်စရာတစ်ခု ဖြစ်လာပါတော့တယ် ။
ကိစ္စတွေက တစ်ခုပြီး တစ်ခုဆိုသလို အဲလိဇဘက်အတွက် downfall က ဆက်တိုက်ဖြစ်လာတဲ့အခါမှာ ဒီအရှုပ်အထွေးတွေ ကြားထဲကနေ အဲလိဇဘက် ဘယ်လိုရှင်သန်မလဲ။
ဒီလိုကိစ္စတွေထဲမှာမှ ခွဲခန်းအတူဝင်ခဲ့တဲ့ လက်ထောက် ဘွဲလွန်ဆရာဝန်က ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတဲ့အခါ ကိစ္စတွေက ရှုပ်ထွေးသထက် ရှုပ်ထွေးလာပါတော့တယ် ။
ဒီလိုပြဿနာတွေကို အဲလိဇဘက် ဘယ်လိုဖြေရှင်းမလဲ ။
လောကကြီးကရော သူ့ဘက်မှာ ရှိနေနိုင်မလား ။ တကယ်ပဲ ဆရာဝန်တွေဟာ သေဖို ရာခိုင်နှုန်းများတဲ့လူနာတွေကို ခွဲစိတ်ကုသမှု မလုပ်ဘဲ ငြိမ်းချမ်းစွာ
အသက်ထွက်ခွင့်ပေးသင့်သလားဆိုတာကိုတော့ A mistake 2024 မှာ ကြည့်ရှုခံစားရင်း အတွေးနက်ရစေမှာပဲ ဖြစ်ပါတယ် ။
File Size… (1.00 GB) / (623 MB)
Quality… WEB-DL 1080p HEVC /720p
Format…mkv / mp4
Duration…1h 41m
Genre ….. Drama , Thriller
Subtitle….Myanmar Subtitle (Hard Sub)
Encoder….Min Wai
Translated by Hazelle
Related Keywords
A Mistake (2024) mmsub, A Mistake (2024) myanmar sub, A Mistake (2024) burmese sub, A Mistake (2024) မြန်မာစာတန်းထိုး