description
A Long Visit (2010)
********************
CM ပရိတ်သတ်ကြီးတို့အတွက် ဒီတစ်ခေါက် တင်ဆက်ပေးချင်တာကတော့ မိခင်
မေတ္တာဖွဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ် .. ပြည်သူ့မိခင်ကြီးလို့တောင် တင်စားခေါ်ဝေါ်
ရလောက်တဲ့ မင်းသမီးကြီး Kim Hae-Sook နဲ့ မင်းသမီး Park Jin-Hee တို့က
အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ် .. ။
– ဇာတ်လမ်းအကျဉ်း –
********************
အန်ဟယ်ဆု (Kim Hae-Sook) ကတော့ သမီးကြီးကို ၂ နှစ်သားအရွယ်မှာတင်
ဆုံးရှုံးလိုက်ရတာဖြစ်လို့ သမီးလတ်ဖြစ်သူ ဂိုဂျီဆု (Park Jin-Hee) အပေါ်
အထူးတလည် တွယ်တာစိတ်ကြီးမားပြီး သမီးလေးစိတ်တိုင်းကျ ဘာမဆို
ဖြည့်ဆည်းပေးတတ်တဲ့ အမေတစ်ယောက်ပါ။
ဒါပေမဲ့ ဂျီဆုကတော့ အိမ်ထောင်ရက်သားကျလို့ ကလေးမွေးပြီးနောက်မှာတောင်
အမေက သူ့ကို ကလေးလိုပဲ ဆက်ဆံနေဆဲဖြစ်လို့ တစ်ခါတလေ အမေ့အပေါ်
ပြန်ညည်းညူပြတတ်တဲ့ သမီးဆိုးလေးပေါ့ ။
ဒီလိုနဲ့ တစ်နေ့မှာ ဂျီဆုက သူ့ဆီမှာ ကင်ဆာရောဂါရှိနေတယ်ဆိုတာကို သိလိုက်ရပြီးတဲ့နောက်
သူ့မှာ ရောဂါရှိနေတာကို ဖုံးကွယ်ပြီး အမေနဲ့ နောက်ဆုံးအကြိမ်အဖြစ် အချိန်အတူကုန်ဆုံးဖို့
အမေနေတဲ့ရွာလေးဆီ ပြန်ဆင်းသွားပါတော့တယ်…
ဇာတ်လမ်းလေးက ရိုးရိုးရှင်းရှင်းလေးပေမဲ့ သမီးဖြစ်သူ အရင်ထွက်သွားရတော့မှာကို
သိလိုက်ရတဲ့အခါ ခံစားရတဲ့ အမေတစ်ယောက်ရဲ့ ခံစားချက်ကို ရင်ထဲနင့်နေအောင်
ပုံဖော်ရိုက်ကူးပြထားတာဖြစ်လို့ မဖြစ်မနေ ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတစ်ကားလို့
ညွှန်းဆိုလိုက်ပါရစေ .. ။
(အညွှန်းကို Hnin Wai Oo မှ ရေးသားထားပါတယ်)
File size…1.92GB / 640MB
Quality… WEB-DL 1080p/ 720p
Format…mp4
Duration….1h 49m
Genre ….. Adventure, Drama, Family
Subtitle….Myanmar Subtitle (Hard Sub)
Translated by Hnin Wai Oo
Encoded by AHtet
Related Keywords
A Long Visit (2010) mmsub, A Long Visit (2010) myanmar sub, A Long Visit (2010) burmese sub, A Long Visit (2010) မြန်မာစာတန်းထိုး